Hot Line: +959 970 281 030    Email Address: info@cdsg.com.mm         
   
     

မြန်မာနိုင်ငံစျေးကွက်သို့ GEELY Brand စတင်ဝင်ရောက်

မြန်မာနိုင်ငံစျေးကွက်သို့ GEELY Brand စတင်ဝင်ရောက်

UK Brand Finance မှအကဲဖြတ်သည့် Portfolio Brand Value 2020 တွင် နံပါတ် ၉ နေရာတွင်ရှိသည့် GEELY အမှတ်တံဆိပ်သည် မြန်မာနိုင်ငံ CDSG Group ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Premier Automotive Limited (PAL) နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံကားစျေးကွက်သို့ စတင်ဝင်ရောက်မည်ဖြစ်သည်။ 

၂၀၂၀ ခုနှစ် နှစ်ကုန်မှ စတင်၍ PAL သည် GEELY  အမှတ်တံဆိပ်မော်တော်ယာဉ်များကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် 3S အရောင်းပြခန်းများဖွင့်လှစ်၍ ရောင်းချသွားမည်ဖြစ်သည်။ GEELY  နှင့် PAL ၏ ပူးပေါင်းမှု သည် မြန်မာနိုင်ငံရှိ Customer များကို နောက်ဆုံးပေါ် GEELY  နည်းပညာများ ၊ နောက်ဆုံးပေါ်မျိုးဆက်သစ် ကားမော်ဒယ်များနှင့် ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုများကို ထောက်ပံ့ပေးလာနိုင်မည်ဖြစ်သည်။ 

PAL နှင့်အတူ GEELY  Auto သည် မြန်မာနိုင်ငံစျေးကွက်တွင် ထိပ်တန်းမော်တော်ယာဉ်အမှတ်တံဆိပ်တစ်ခုဖြစ်လာရန် ရည်ရွယ်သည်။GEELY  Auto သည်သုတေသန၊ ဒီဇိုင်းဖွံ့ဖြိုးတိုးတက်မှုနှင့်ထုတ်လုပ်မှု၊ ရောင်းချမှုနှင့် ၀ န်ဆောင်မှုများအထိ မော်တော်ယာဉ်နှင့်စပ်ဆက်သည့် လုပ်ငန်းများကို လည်ပတ်လုပ်ကိုင် နေသော နိုင်ငံတကာ မော်တော်ကားလုပ်ငန်းအုပ်စု GEELY Holding Group (GEELY Holding) ၏ အဓိက လက်အောက်ခံကုမ္ပဏီဖြစ်သည်။

GEELY Holding Group ကို၁၉၈၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင်မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းကို စတင်ခဲ့ သည်။ထိုအချိန်မှ စ၍ GEELY Holding သည်အပြည်ပြည်ဆိုင်ရာကုန်အမှတ်တံဆိပ်များ နှင့်မိတ်ဖက်အဖွဲ့အစည်းများ တွင်အစုရှယ်ယာများကို သိသိသာသာ တိုးချဲ့ခဲ့သည်။ ဥပမာ Volvo ၏ ၉၉% ပိုင်ဆိုင်မှု၊ Lotus တွင်အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းနှင့် Daimler AG တွင် အစုရှယ်ယာ ၉.၇% ပိုင်ဆိုင်မှုတို့ဖြစ်သည်။၂၀၂၀ ခုနှစ်တွင် Mercedes-Benz နှင့် GEELY Holding တို့သည် ကမ္ဘာလုံးဆိုင်ရာဖက်စပ်“ Smart Automobile Co.,Ltd ” ကို တရားဝင်တည်ထောင်ကြောင်းကြေငြာခဲ့သည်။ 

GEELY Holding သည် GEELY Auto, Volvo, Lynk & Co, Lotus, Polestar, Proton Cars, Geometry နှင့် London Taxi အပါအ၀င် ထိပ်တန်းကုန်အမှတ်တံဆိပ်များကို စီမံအုပ်ချုပ်လျက်ရှိပြီး မြောက်အမေရိက၊ ဥရောပ၊ တရုတ်နှင့်အရှေ့တောင်အာရှရှိ ထုတ်လုပ်ရေးနှင့်တပ်ဆင်ရေးစက်ရုံ ၄၀ ကျော်၊ R&D စင်တာ ၈ ခုနှင့်ဒီဇိုင်းစင်တာ ၈ ခုကိုလည်း လည်ပတ်လုပ်ကိုင်လျက်ရှိသည်။ GEELY Holding ၏ပံ့ပိုးမှုဖြင့် Group ၏စီမံခန့်ခွဲမှုအောက်ရှိကုန် အမှတ်တံဆိပ်များသည် ၂၀၁၉ ခုနှစ်တွင်တစ်ကမ္ဘာလုံးတွင် ကားအစီးရေ ၂.၁၇၈ သန်းကျော်ရောင်းချခဲ့ရပြီး သုံးနှစ်ဆက်တိုက်ရောင်းအားအကောင်းဆုံး အမှတ်တံဆိပ်အဖြစ် GEELY Auto ကဆက်လက်ရပ်တည်ခဲ့သည်။

GEELY Holding သည် ၂၀၂၀ Fortune Global 500 တွင် ၉ နှစ်ဆက်တိုက် စာရင်းဝင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင်ဝင်ငွေအမေရိကန်ဒေါ်လာ ၄၇.၈၈၆ ဘီလီယံရရှိခဲ့ပြီး အဆင့် ၂၄၃ တွင်ရပ်တည်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Fortune Global 500 ကိုပထမဆုံး ၀င်ရောက်ကတည်း က GEELY Holding သည် အဆင့် ၂၀၀ ကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

GEELY Auto နှင့် ပူးပေါင်း၍ PAL သည် GEELY Auto တံဆိပ်မော်တော်ယာဉ်များ တင်သွင်းခြင်းနှင့်ဖြန့်ဖြူးခြင်းအတွက် တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။

PAL ၏မန်နေးဂျင်းဒါရိုက်တာ ဦး ခင်ထွန်းက “GEELY Auto အမှတ်တံဆိပ်ကို မြန်မာနိုင်ငံမှာ မိတ်ဆက်ဖြစ်တာက သူ့ရဲ့ အဆင့်မြင့်နည်းပညာနဲ့ အရည်အသွေးမြင့်မားမှုတို့ကြောင့် ဖြစ်ပါတယ်။ GEELY ရဲ့ ထုတ်ကုန်တွေဟာ စျေးကွက်သို့မရောက်ရှိမီ ခက်ခဲကြမ်းတမ်းတဲ့ လမ်းအခြေအနေတွေအောက်မှာ ကျယ်ကျယ်ပြန့်ပြန့်စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။


GEELY ကားတွေကို အလွန်ပြင်းထန်တဲ့ရာသီဥတုအခြေအနေ (အပူချိန် -40 မှ +60 ဒီဂရီ) တွေမှာ နာရီပေါင်း ၅၀,၀၀၀ (အချိန်အားဖြင့် ၅ နှစ်၊ ၇ လ) စမ်းသပ်ခဲ့ပြီး ကီလိုမီတာ ၁၂.၂သန်းကျော် ကို ခရီးသွားပြီး စမ်းသပ်မောင်းနှင်မှုတွေပြုလုပ်ခဲ့လို့ အရည်အသွေးက အရမ်းယုံကြည်စိတ်ချရပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း GEELY ရဲ့ နောက်ဆုံးပေါ်  ဒီဇိုင်းဖြစ်တဲ့ Youthful Sporty Design ကိုအသုံးပြုထားပြီး နောက်ဆုံးပေါ်လုံခြုံရေးနည်းပညာတွေနဲ့အတူ Premium ကားတစ်စီးရဲ့ခံစားမှု Feeling အတိုင်းပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလို Brand မျိုးနဲ့အတူလက်တွဲလုပ် ကိုင်ခွင့်ရတဲ့အတွက်အလွန်ဂုဏ်ယူမိပါတယ်”ဟု ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံစျေးကွက်တွင် ပထမဆုံးစတင်ရောင်းချသွားမည့် GEELY Brand Model မှာ Coolray ဖြစ်သည်။ Coolray မော်ဒယ်ကို (Comfort, Luxury and Sport)  စသည့်Trim Level ၃ မျိုး ကို ပြသရောင်းချသွားမည်ဖြစ်သည်။

GEELY နှင့် Volvo ပူးပေါင်းတီထွင်ခဲ့သော B-segment Modular Architecture (BMA) ပလက်ဖောင်းကို အခြေခံ၍ထုတ်လုပ်ထားသော Coolray သည်အလွန်စွမ်းဆောင်ရည် မြင့်မားသော 1.5TD အင်ဂျင်ကိုအသုံးပြုထားပြီး 177 hp ၊ 255 Nm ရုန်းအားနှင့် ၇.၉ စက္ကန့်အတွင်း သုည ကီလိုမီတာမှ ၁၀၀ ကီလိုမီတာအထိအရှိန်မြှင့်တင်နိုင်သော Premium အရည်အသွေးရှိ ကားတစ်စီးဖြစ်သည်။  Coolray ၏ ဒီဇိုင်းသည်“Racing Through Space and Time” ဒီဇိုင်းအယူအဆဖြင့်ဖွဲ့စည်း ထားပြီး စိတ်လှုပ်ရှားစရာကောင်းသော၊ တက်ကြွလှုပ်ရှားသော၊ အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များနှင့်အတူ  Automated Parking Assist (APA), Blind Spot Detection (BSD) နှင့် ၃၆၀ ဒီဂရီကင်မရာတို့ကိုတပ်ဆင်အသုံးပြုထားသည်။ ထို့ပြင် စီးနင်းသူများဘေးကင်းလုံခြုံစေရန် CN95 filter ကဲ့သို့ စစ်ထုတ်မှုအလွန်အားကောင်းသော Cabin Filter ကိုတပ်ဆင်ထားပြီး Coolray ၏ကိုယ်ထည်တွင် ၇၀% High Strength Steel နှင့် ၂၀% Hot-formed Steel များကိုအသုံးပြုထားသည်။ Customer များအနေဖြင့် လုံခြုံမှု၊ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားဖွယ်ရာ မောင်းနှင်မှုဆိုင်ရာအတွေ့အကြုံများကို ရရှိစေမည်ဖြစ်သည်။

Geely Press Release (MM) 

Geely Press Release (Eng)